Thursday, August 25, 2022

Tuesday, January 28, 2014

ဘ လော့

Blog blog blog....... အော် ဘ လော့

Wednesday, November 26, 2008

အင်တာနတ်လေ အိမ်မှာတပ်ထားတာ....။ ပြသနာတွေကို ပွေနေတာပဲ....။
တစ်ရက်ဗျာ DSL မီးပျောက်သွားလို့... BaganNet ကို ဖုန်းဆက်ပြောပါတယ်...။ ခဏလေးတဲ့ ဖုန်းပြန်ဆက်ပေးမယ် တဲ့....။ စောင့်နေတာ ဖုန်းက သေတာတောင်ပြန်မလာဘူး ဆိုတဲ့ ဒီဇိုင်းနဲ့ တုတ်တုတ် တောင်မလှုပ်ဘူး...။ ဒါနဲ့ ပြန်ဆက်တော့ လိုင်းကဖြစ်တာနေမှာပါတဲ့....။
လိုင်းမန်းကို ပြော လိုက်ပါတဲ့....။
ကျွန်တော်ကလည်း ဟုတ်ကဲ့ပေါ့.... ဘာမှ မသိတဲ့သူဆိုတော့ သူတို့ ပြောသမျှပေါ့....။ ဒါနဲ့ လိုင်းမန်းဆရာတွေဆီ ဆက်ပြီး ဒီလိုဖြစ် တယ်ပေါ့ ကူညီပါလို့ ပြောတော့ သူတို့ကိုစောင့် ရတာက ၅ရက်....။ လိုင်းကကောင်းသွားပြန်ပီဆိုတော့ BaganNet ကိုထပ်ဆက်တာပေါ့.....။ ခဏစောင့်တဲ့....။ ဒစ်စလန် ဆိုလား ဖြစ်တာတဲ့....။ ဟို ပိန်ချူးချူး ဆရာကြီးကို ပြောရမှာတဲ့....။ ကျွန်တော့် အင်တာနတ် စတပ်တပ်ချင်းတုန်းက
၅၀၀၀၀ ကျပ် လစဉ်. .. သူ့ကိုပေးရင် အင်တာနတ် ကော်နတ်ရှင် မြန်မယ်ဆိုတဲ့ ငပိန်ကောင်လေ...။ ဒါနဲ့ ကျွန်တော်လဲ့ သူ့ဆီ ဖုန်းဆက်ပြောတာပေါ့..။ သူက လုပ်ပေးမယ် ခဏစောင့်ပါတဲ့...။ ဒါနဲ့ စောင့်ရပြန်ရော.....။ DSL မီးကတော့ လင်းမလာပါဘူး....။
နောက်လိုင်းတဲ့ဗျာ သေချင်စော်ကို နံရော..။ လိုင်းမန်းကို ပြန်ခေါ် လုပ်တော့ လိုင်း ကြည်တောက်ရှင်း.....။ နောက် သူဆီဖုန်းပြန်ဆက်ပြောတယ်...။ ခဏခဏ ဆက်လို့ ထင်ပါရဲ့ဖုန်းတောင်မကိုင်တော့ဘူး...။ အကျိုးအကြောင်းလေးတော့ပြောသင့်ပါတယ်... ဖုန်းမကိုင်နိုင်လောက်အောင်တော့ မရိုင်းသင့်ဘူးလေ....။ ရက်နေ့ လောက်က စပြောတာ ၂၅ ရက်နေ့မှ DSL မီးပြန်လင်းတယ်.....။
ကျွန်တော်လည်း ပျက်တဲ့ ရက်တွေ လစဉ်ကြေးလေး လျှော့ပေးပါလို့ မန်နေဂျာကြီးကို ပြောတော့ သူတို့ကြောင့် မဟုတ်ဘူးတဲ့.... ဖုန်းရုံထဲ အပ်ကျတယ် ဆိုလား ဘာဆိုလားပဲ....။ သင်ခန်းစာပေါ့တဲ့....။ သုံးစွဲသူအပေါ် ပြောတဲ့စကားက.....။
နောက်ဆုံတော့ ကျွန်တော် ပဲခံလိုက်ရပါတယ်ဗျာ....။

Tuesday, June 24, 2008

ဟေ့ .... ဘော်ဘော်တို့..... ဘယ်သူတွေ ဘာတွေ လုပ်နေကြလဲကွ...။ ကိုယ်ကတော့ ၀င်မရ၊ ထွက်မရနဲ့မို့.... ဘ၀က ဆိုးလှပါတယ်ကွယ်....။ ကောင်းလိုက်တဲ့ ကော်နတ်ရှင်က ကိုယ်ကို ဒုက္ခတွေ အပြည့်အ၀ ပေးတယ်လေကွာ...။
ဒီတလော အင်တာနက် ဆိုတာဘာလဲလို့ ပြန်မေးရမယ့်ဘ၀ ရောက်သွားတာကွယ့်...။ အင်တာနက်ထဲက ဘယ်သူငယ်ချင်းနဲ့မှလည်း အဆက်အသွယ်မရ၊ ဘာတွေလုပ်နေကြမှန်းလည်း မသိ တော်တော်နောက်ကျ ကျန်နေခဲ့ရပါတယ်...။
ခုတော့ ကော်နတ်ရှင် ကောင်းတတ်တဲ့... ညဥ့်နက်သန်းခေါင် ထထပြီးလုပ်ရတော့ လူက၀ပီးမျက်တွင်း ဟောက်ပက်နဲ့ အလှပျက်နေရပါတယ်...။ ကဲသူငယ်ချင်းတို့ရေ... ပြန်ကဲလိုက်ကြရအောင်ကွာ...။


Friday, April 11, 2008

ကျွန်တော် post အသစ်တင်စရာမရှိတာနဲ့ Template တွေလျှောက်ပြောင်းကြည့် နေတာပါ....။ ရိုးရိုလေးနဲ့လှလို့ ပြောင်းဖြစ်သွားတာပါ....။